Propiedad intelectual Formación en PI Respeto por la PI Divulgación de la PI La PI para... La PI y… La PI en… Información sobre patentes y tecnología Información sobre marcas Información sobre los diseños Información sobre las indicaciones geográficas Información sobre las variedades vegetales (UPOV) Leyes, tratados y sentencias de PI Recursos de PI Informes sobre PI Protección por patente Protección de las marcas Protección de los diseños Protección de las indicaciones geográficas Protección de las variedades vegetales (UPOV) Solución de controversias en materia de PI Soluciones operativas para las oficinas de PI Pagar por servicios de PI Negociación y toma de decisiones Cooperación para el desarrollo Apoyo a la innovación Colaboraciones público-privadas Herramientas y servicios de IA La Organización Trabajar en OMPI Rendición de cuentas Patentes Marcas Diseños Indicaciones geográficas Derecho de autor Secretos comerciales Futuro de la PI Academia de la OMPI Talleres y seminarios Observancia de la PI WIPO ALERT Sensibilizar Día Mundial de la PI Revista de la OMPI Casos prácticos y casos de éxito Novedades sobre la PI Premios de la OMPI Empresas Universidades Pueblos indígenas Judicatura Juventud Examinadores Ecosistemas de innovación Economía Financiación Activos intangibles Igualdad de género Salud mundial Cambio climático Política de competencia Objetivos de Desarrollo Sostenible Recursos genéticos, conocimientos tradicionales y expresiones culturales tradicionales Tecnologías de vanguardia Aplicaciones móviles Deportes Turismo Música Moda PATENTSCOPE Análisis de patentes Clasificación Internacional de Patentes ARDI - Investigación para la innovación ASPI - Información especializada sobre patentes Base Mundial de Datos sobre Marcas Madrid Monitor Base de datos Artículo 6ter Express Clasificación de Niza Clasificación de Viena Base Mundial de Datos sobre Dibujos y Modelos Boletín de Dibujos y Modelos Internacionales Base de datos Hague Express Clasificación de Locarno Base de datos Lisbon Express Base Mundial de Datos sobre Marcas para indicaciones geográficas Base de datos de variedades vegetales PLUTO Base de datos GENIE Tratados administrados por la OMPI WIPO Lex: leyes, tratados y sentencias de PI Normas técnicas de la OMPI Estadísticas de PI WIPO Pearl (terminología) Publicaciones de la OMPI Perfiles nacionales sobre PI Centro de Conocimiento de la OMPI Aspectos destacados de la inversión mundial en activos intangibles Informes de la OMPI sobre tendencias tecnológicas Índice Mundial de Innovación Informe mundial sobre la propiedad intelectual PCT - El sistema internacional de patentes ePCT Budapest - El Sistema internacional de depósito de microorganismos Madrid - El sistema internacional de marcas eMadrid Artículo 6ter (escudos de armas, banderas, emblemas de Estado) La Haya - Sistema internacional de diseños eHague Lisboa - Sistema internacional de indicaciones geográficas eLisbon UPOV PRISMA Mediación Arbitraje Determinación de expertos Disputas sobre nombres de dominio Acceso centralizado a la búsqueda y el examen (CASE) Servicio de acceso digital (DAS) WIPO Pay Cuenta corriente en la OMPI Asambleas de la OMPI Comités permanentes Calendario de reuniones WIPO Webcast Documentos oficiales de la OMPI Agenda para el Desarrollo Asistencia técnica Instituciones de formación en PI Fondo de Reconstrucción Estrategias nacionales de PI Asesoramiento sobre políticas y legislación Centro de cooperación Centros de apoyo a la tecnología y la innovación (CATI) Transferencia de tecnología Programa de Asistencia a los Inventores (PAI) WIPO GREEN PAT-INFORMED de la OMPI Consorcio de Libros Accesibles Consorcio de la OMPI para los Creadores WIPO Translate Conversión de voz a texto Asistente de clasificación Estados miembros Observadores Director general Actividades por unidad Oficinas en el exterior Puestos de plantilla Puestos de personal afiliado Adquisiciones Resultados y presupuesto Información financiera Supervisión
Arabic English Spanish French Russian Chinese
Leyes Tratados Sentencias Consultar por jurisdicción

Myanmar

MM043

Atrás

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ [၁၈.၁၀.၂၀၁၆ ] [ (၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀။) ]

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ

 

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀။)

 

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်

 

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့်အဓိပ္ပယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ဟု ခေါ်တွင်စေရမည်။

 

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-

 

(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

 

(ခ) နိုင်ငံတော်သမ္မတဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတကို ဆိုသည်။

 

(ဂ) အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

 

(ဃ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။

 

(င) ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆိုသည်။

 

(စ) အဖွဲ့ဝင်ဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်။

 

(ဆ) ကော်မရှင်ရုံးဆိုသည်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးကို ဆိုသည်။

 

(ဇ) အတွင်းရေးမှူးဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်းတာဝန်များကို တာဝန်ခံဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးကို ဆိုသည်။

 

(ဈ) အဆိုပြုချက်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ပုဒ်မ ၃၆ တွင် ဖော်ပြထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ကော်မရှင်၏ ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် စာချုပ်၊ စာရွက်စာတမ်းအထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။

 

(ည) ခွင့်ပြုမိန့်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။

 

(ဋ) အတည်ပြုလျှောက်ထားလွှာဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက အခန်း (၁၂) မြေအသုံးပြုခွင့်နှင့် အခန်း (၁၈) ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခံစားနိုင်ရန်အလို့ငှာ ကော်မရှင်၏ အတည်ပြုမိန့်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် လိုအပ်သည့် အထောက်အထားများ ပူးတွဲကာ တင်ပြသောလျှောက်လွှာကို ဆိုသည်။

 

(ဌ) အတည်ပြုမိန့်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက တင်ပြလာသော အတည်ပြုလျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက်ကို ဖော်ပြသည့်အမိန့်ကို ဆိုသည်။

 

(ဍ) နိုင်ငံသားဆိုသည်မှာ ဤဥပဒေအလို့ငှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူတို့ ကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း လည်း ပါဝင်သည်။

 

(ဎ) မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူဆိုသည်မှာနိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံသား ကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲများနှင့် အခြားစီးပွားရေးအဖွဲ့အစည်းများလည်း ပါဝင်သည်။

 

(ဏ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံသားမဟုတ်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီ၊ ရုံးခွဲ၊ အခြားစီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံတစ်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်း များလည်း ပါဝင်သည်။

 

(တ) ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ဆိုသည်။

 

(ထ) ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ဤဥပဒေနှင့်အညီ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပုဒ်မ ၄၀ ပါ ရင်းနှီးမြှုပ်နှံမှုများလည်း အပါအဝင်ဖြစ်သည်။

 

(ဒ) တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူက ဥပဒေနှင့် အညီ လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့်နှင့် လုပ်ငန်း စီမံခန့်ခွဲခွင့်တို့ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

 

(ဓ) နိုင်ငံခြားရင်နှီးမြှုပ်နှံမှုဆိုသည်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူက နိုင်ငံတော်အတွင်း ပြုလုပ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

 

(န) စီးပွားရေးအဖွဲ့အစည်းဆိုသည်မှာ-

 

(၁) တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်းတည်ထောင်ထားသည့် သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေး လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့ သို့မဟုတ် အလားတူအဖွဲ့အစည်းများ အပါအဝင် တရားဝင်စီးပွားရေး အဖွဲ့ အစည်းများကို ဆိုသည်။

 

(၂) တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသည့် အဆိုပါ တရားဝင်စီးပွားရေး အဖွဲ့အစည်း ၏ ရုံးခွဲတစ်ခုကို ဆိုသည်။

 

(ပ) လွတ်လပ်စွာအသုံးပြုနိုင်သည့်ငွေကြေးဆိုသည်မှာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ သဘောတူညီချက်စာချုပ် အပိုဒ် ၃၀ (စ) နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အပြည်ပြည်ဆိုင်ရာငွေပေးချေမှုများအတွက် လွှဲပြောင်းပေးခြင်းများနှင့် အဓိကနိုင်ငံခြားငွေကြေးစျေးကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ် ခြင်းပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။

 

(ဖ) ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှုအပေါ် ကော်မရှင်က စိစစ်ခွင့်ပြုနိုင်သည့် ဝင်ငွေခွန်၊ အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဆိုသည်။

 

(ဗ) ဆောင်ရွက်ချက်များဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကဖြစ်စေ၊ ယင်းတို့က အခွင့်အာဏာအပ်နှင်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက် များ စသည်တို့ကို ဆိုသည်။

 

အခန်း(၂)

ရည်ရွယ်ချက်

 

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊

 

(ခ) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးရန်၊

 

(ဂ) ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊

 

(ဃ) လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊

 

(င) စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊

 

(စ) နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊

 

(ဆ) နိုင်ငံတစ်ဝန်းလုံးတွင် အခြေခံအဆောက်အအုံများ အပါအဝင် ပညာရပ်နယ်ပယ်အသီးသီးတို့၌ ဖွံ့ဖြိုးတိုးတက်စေရန်၊

 

(ဇ) နိုင်ငံသားများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊

 

(ဈ) နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်း လာစေရန်။

 

အခန်း (၃)

ဥပဒေ၏အကျုံးဝင်မှုနယ်ပယ်

 

၄။ ဤဥပဒေသည် နိုင်ငံတော်အတွင်း စတင်အာဏာတည်သည့်နေ့တွင် လုပ်ငန်းလည်ပတ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေအာဏာတည်ပြီးနောက် အသစ်ဖွဲ့စည်းတည်ထောင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုအားလုံးနှင့် အကျုံးဝင်သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာ မတည်မီက ဖြစ်ပွားလျက်ရှိသည့် တည်ဆဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာအငြင်းပွားမှုများ သို့မဟုတ် ဤဥပဒေ အာဏာမတည်မီက ခွင့်ပြုမိန့်ရရှိပြီးလုပ်ငန်းလုပ်ဆောင်မှုရပ်ဆိုင်းထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဤဥပဒေနှင့် အကျုံးဝင်သက်ဆိုင်မှုမရှိစေရ။

 

၅။ ဤဥပဒေ၏ အခန်း (၂၁) ခြွင်းချက်ပြုရမည့်အချက်များ၊ အခန်း(၂၂) လုံခြုံရေးဆိုင်ရာ ကင်းလွတ် ခွင့်များမှအပ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။

 

အခန်း (၄)

ကော်မရှင် ဖွဲ့စည်းခြင်း

 

၆။ ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

 

(က) နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့ဝင်များထဲမှ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦး ရွေးချယ်အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊

 

(ခ) အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဒုတိယဥက္ကဋ္ဌတစ်ဦး၊

 

(ဂ) အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ဂုဏ်သိက္ခာသမာဓိနှင့် ပြည့်စုံသည့် သင့်လျော်သောပုဂ္ဂိုလ်များ၊

 

(ဃ) ရာထူးအလျောက် ကော်မရှင်ရုံး အကြီးအမှူးဖြစ်သည့် အတွင်းရေးမှူးတစ်ဦး။

 

၇။ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ကိုးဦးနှင့်အထက် “မ” ဂဏန်းအရေအတွက်ဖြင့် ဖွဲ့စည်းတည်ထောင်ရမည်။

 

၈။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနမှ ခွင့်ပြုသော ချီးမြှင့်ငွေနှင့် စရိတ်ကို ခံစားခွင့်ရှိစေရမည်။

 

၉။ အတွင်းရေးမှူးမှတစ်ပါး ကော်မရှင်အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်။

 

၁၀။ ကော်မရှင်အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမိုတာဝန် ထမ်းဆောင်ခြင်း မရှိစေရ။

 

၁၁။ အစိုးရအဖွဲ့သည် အစိုးရတာဝန်ယူသည့်နေ့မှစ၍ နှစ်လအတွင်း ကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းရမည်။

 

၁၂။ ကော်မရှင်ရုံးအကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည့် အပြင် ကော်မရှင်က သတ်မှတ်ပေးထားသော အခြားလုပ်ငန်းတာဝန်များကိုလည်း ထမ်းဆောင်ရမည်။

 

၁၃။ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏လုပ်ငန်းတာဝန်များအနက် သီးခြားသတ်မှတ်ပေးသော လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို စာဖြင့် ရေးသား၍ ကော်မရှင်ရုံးအရာထမ်းတစ်ဦးဦးအား တာဝန်ပေးအပ် နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင်တာဝန်ပေးအပ်ခြင်းခံရသူသည် တာဝန်ပေးအပ်သည့်စာတွင် ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့် အချိန်တွင်မဆို စာဖြင့် ပြန်လည်ရုပ်သိမ်းနိုင်သည်။

 

အခန်း (၅)

ကော်မရှင်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခန့်ထားခြင်း

 

၁၄။ ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

 

၁၅။ ကော်မရှင်ဥက္ကဋ္ဌမှအပ ကျန်ကော်မရှင်အဖွဲဝင်များ နုတ်ထွက်လိုပါက ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးမှ နုတ်ထွက်နိုင်သည်။

 

၁၆။ အစိုးရအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါအခြေအနေတစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှ ရပ်စဲနိုင်သည်-

 

(က) ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက်လက်ထမ်းဆောင် နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေးချို့ယွင်းခြင်း၊

 

(ခ) ကွယ်လွန်ခြင်း၊

 

(ဂ) တရားရုံးတစ်ခုခုက ပြစ်မှုကြောင်းအရ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊

 

(ဃ) တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊

 

(င) မိမိအား ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း။

 

၁၇။ အစိုးရအဖွဲ့သည်-

 

(က) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင်အဖွဲ့ဝင်နေရာ လစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက်ခန့်ထားရမည်။

 

(ခ) လစ်လပ်သောရာထူးသည် ကော်မရှင်ဥက္ကဋ္ဌရာထူးနေရာဖြစ်ပါက အသစ်ဖြည့်စွက်ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ဥက္ကဋ္ဌ၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန်အတွက် ယာယီတာဝန်ပေး ခန့်အပ်နိုင်သည်။

 

၁၈။ ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိတာဝန်ထမ်းဆောင် နေသော ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အဖွဲ့ဝင်အသစ် ခန့်အပ်ပြီးသည့်အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်။

 

၁၉။ပုဒ်မ ၉ ပါ ရာထူးသက်တမ်းနှင့် စပ်လျဉ်း၍ မည်သို့ပင်ပါရှိစေကာမူ လစ်လပ်ရာထူးတွင် ပုဒ်မ ၁၇ အရ ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ရာထူး သက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်းအတွက်သာ ဖြစ်ရမည်။

 

၂၀။ အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်းတာဝန်များနှင့် ကော်မရှင်၏ ကိစ္စအဝဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။

 

၂၁။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွားပါဝင်ပတ်သတ်မှု ရှိနေသည်ဆိုပါက အဆိုပါအကျိုး စီးပွား ပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့်အကြောင်းကို ကော်မရှင်သို့ အတိအလင်းထုတ်ဖော် ပြောဆို ရမည်။ အဆိုပါထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်၏ အစည်းအဝေးမှတ်တမ်းတွင် မှတ်တမ်းပြုရမည် ဖြစ်ပြီး အဆိုပါအဖွဲ့ဝင်သည် ၎င်းအဆိုပြုချက်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ ဆုံးဖြတ်ခွင့်၊ လုပ်ငန်း ဆောင်ရွက်မှုနှင့် ဆွေးနွေးမှုတို့တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ။

 

၂၂။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အတည်ပြုလျှောက်ထားလွှာနှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွားပါဝင်ပတ်သတ်မှု ရှိနေသည်ဆိုပါက အဆိုပါ အကျိုးစီးပွားပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့်အကြောင်းကို ကော်မရှင်ရုံးသို့ အတိအလင်းထုတ်ဖော် ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်ရုံးတွင် မှတ်တမ်းပြုထားရမည်။ အဆိုပါ အဖွဲ့ဝင်သည် ၎င်းအတည်ပြုလျှောက်ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံး၏ လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိစေရ။

 

အခန်း (၆)

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

 

၂၃။ ကော်မရှင်သည် မိမိ၏လုပ်ပိုင်ခွင့်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။

 

၂၄။ ကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က) နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

 

(ခ) နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးရန် အဓိကတာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊

 

(ဂ) ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊

 

(ဃ) ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမျှော်မှန်းချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများကို အကြံပြုခြင်း၊

 

(င) ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြုတိုက်တွန်းချက် များကို ထုတ်ပြန်ခြင်း၊

 

(စ) ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့သို့ သုံးလတစ်ကြိမ် တင်ပြအစီရင်ခံခြင်း၊

 

(ဆ) ကော်မရှင်က ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်ပြအစီရင်ခံခြင်း၊

 

(ဇ) ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအရလည်းကောင်း၊ သဘာဝအရင်းအမြစ်အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးခြင်း၊

 

(ဈ) ပြည်တွင်း၊ ပြည်ပရင်နှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရန်လည်းကောင်း၊ အားပေးအထောက် အကူပြုရန်လည်းကောင်း အစိုးရအဖွဲ့သို့ အကြံပြုတင်ပြဆောင်ရွက်ခြင်း၊

 

(ည) ရင်းနှီးမြှုပ်နှံသူက သဘာဝသယံဇာတပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ တွေ့ရှိလျှင် အကြောင်းကြားခြင်းမပြုဘဲ လက်ဝယ်သိမ်းဆည်းထားခြင်း၊ ပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း အစရှိသည်တို့ကို ပြုလုပ်ကြောင်း သိရှိရပါက သက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ အရေးယူခြင်း၊

 

(ဋ) ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ရင်းနှီးမြှုပ်နှံမှုအား ဤဥပဒေ၊ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းစာချုပ်ပါ အချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ မရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာဆောင်ရွက်စေခြင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိသော ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူခြင်း၊

 

(ဌ) ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို ပြန်လည်သုံးသပ်ခြင်းနှင့် သုံးသပ်တွေ့ရှိချက်များအား အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊

 

(ဍ) အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း။

 

၂၅။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ရန် ကန့်သတ်သည့်၊ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို သတ်မှတ်၍ အစိုးရအဖွဲ့၏ အတည်ပြုချက် ဖြင့် ထုတ်ပြန်ခြင်း၊

 

(ခ) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊ မတည်ငွေရင်း ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊ သဘာဝပတ်ဝန်းကျင်နှင့်ဒေသခံ လူထုအပေါ် ကြီးမားစွာသက်ရောက်မှုဖြစ်ပေါ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်း၊

 

(ဂ) ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည့်အပြင် ဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်မှုရှိကြောင်း စိစစ်တွေ့ရှိပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊ ယင်းအခြေအနေများနှင့် မကိုက်ညီပါက ငြင်းပယ်ခြင်း၊

 

(ဃ) ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ အတည်ပြုလျှောက်ထားလွှာကို ပြည့်စုံစွာ တင်ပြလာလျှင် လိုအပ်သည့် စိစစ်မှုများပြုလုပ်၍ ဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်မှုမရှိပါက အတည်ပြုမိန့်ကို ရင်းနှီး မြှုပ်နှံသူအား ထုတ်ပေးခြင်း၊

 

(င) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်သက်တမ်း သို့မဟုတ် အတည်ပြုမိန့်သက်တမ်းကို တိုးမြှင့် ပေးရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ တင်ပြလာလျှင် စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

 

(စ) လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူထံမှ ၎င်း၏ရင်းနည်းမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အထောက်အထား များကို ဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ တင်ပြရန် တောင်းခံရယူခြင်း၊

 

(ဆ) ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိရန် ကော်မရှင်သို့ ပူးတွဲတင်ပြခဲ့သော စာချုပ်စာတမ်းအထောက်အထားများသည် မှန်ကန်မှုမရှိကြောင်း သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ခိုင်လုံသော သက်သေခံအထောက်အထားများ ပေါ်ပေါက်လျှင် တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီမံ ဆောင်ရွက်ခြင်း၊

 

(ဇ) ရင်းနှီးမြှုပ်နှံသူက ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ ခံစားခွင့် ပြုရန် တင်ပြလျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊

 

(ဈ) အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်ရပ်စလုံးအား ခံစားခွင့်မပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

 

(ည) ဤဥပဒေအရ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အခြားလိုအပ်သော အဖွဲ့အစည်း များထံမှ ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့်သက်ဆိုင်သည့် အကူအညီများနှင့် သတင်းအချက်အလက် များကို တောင်းခံရယူခြင်း၊

 

(ဋ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

 

(ဌ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သင့်လျော်သည့် တည်ဆောက်ရေးကာလ သို့မဟုတ် ပြင်ဆင်ချိန်ကာလကို စိစစ်ခွင့်ပြုခြင်း၊

 

(ဍ) အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာယီတင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ ပြည်ပမှတင်သွင်းသော စက်နှင့် စက်ပစ္စည်းကိရိယာများ ယာယီတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို စိစစ်ခွင့်ပြုခြင်း၊

 

(ဎ) ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အငြင်းပွားမှုဖြေရှင်းသည့် အဆင့်သို့ မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျစိစစ်ခြင်း၊ အကြောင်းအရင်းအမြစ် ဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သော စနစ်တစ်ခုတည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။

 

၂၆။ ကော်မရှင်ရုံးသည် မှတ်ပုံတင်ခြင်း အပါအဝင် အခြားသော အထွေထွေဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

 

၂၇။ ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ် များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

 

၂၈။ ကော်မရှင်သည် မိမိ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်ရုံးခွဲများကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် လိုအပ်သလို ဖွင့်လှစ်နိုင်သည်။

 

အခန်း (၇)

အစည်းအဝေးကျင်းပခြင်း

 

၂၉။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်-

 

(က) ကော်မရှင်၏ ပုံမှန်အစည်းအဝေးများကို တစ်လလျှင်အနည်းဆုံး တစ်ကြိမ် ကျင်းပခြင်း၊

 

(ခ) လိုအပ်ပါက အထူးအစည်းအဝေးကျင်းပခြင်း။

 

၃၀။ ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ အစည်းအဝေး သို့ ဥက္ကဋ္ဌမတက်ရောက်နိုင်သည့်အခါ ဒုတိယဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက် ရမည်။

 

၃၁။ အစည်းအဝေးကျင်းပရာတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။

 

၃၂။ ကော်မရှင်သည် အစည်းအဝေးတက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်နိုင်ခြင်းမရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်းလဲရန် အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိစေရ။

 

၃၃။ ကော်မရှင်သည် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု လိုအပ်သည့် ကိစ္စရပ်များအတွက်သက်ဆိုင်ရာ ဌာနများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျွင်သူများကို အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး ပေးရန် ဖိတ်ကြားနိုင်သည်။

 

၃၄။ ကော်မရှင်သည် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်းကို အထောက်အကူပြုမည့် သူများအား တက်ရောက်ရှင်းလင်းတင်ပြခွင့်နှင့် ဆွေးနွေးခွင့်ပြုနိုင်သည်။

 

၃၅။ ကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့၏ ထူးခြားသည့် ဆောင်ရွက်ချက်များကို ကော်မရှင်၏ အနီးကပ်ဆုံး ပုံမှန်အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။

 

အခန်း (၈)

အဆိုပြုချက် တင်သွင်းခြင်း

 

၃၆။ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေများတွင် ဖော်ပြထားသော အောက်ပါလုပ်ငန်းများအား ကော်မရှင် သို့ အဆိုပြုချက်တင်ပြစေပြီး ခွင့်ပြုမိန့်ရရှိမှသာ ရင်းနှီးမြှုပ်နှံရမည်-

 

(က) နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ၊

 

(ခ) မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၊

 

(ဂ) သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ဃ) နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(င) ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

 

အခန်း (၉)

အတည်ပြုလျှောက်ထားလွှာ တင်သွင်းခြင်း

 

၃၇။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှတစ်ပါး အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက် တင်ပြရန်မလို။ သို့ရာတွင် ဤဥပဒေ၏ အခန်း (၁၂) မြေအသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်၊ သက်သာခွင့်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ခံစားနိုင်ရန်အလို့ငှာ သတ်မှတ်ပုံစံဖြင့် အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသို့ တင်ပြရမည်။

 

၃၈။ အတည်ပြုလျှောက်ထားလွှာတင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ် လိုင်စင် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်။

 

၃၉။ ပုဒ်မ ၃၇ အရ တင်ပြလာသော အတည်ပြုလျှောက်ထားလွှာကို ကော်မရှင်ရုံးသည် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ပြီး ပြည့်စုံပါက လက်ခံခြင်း၊ ပြည့်စုံမှုမရှိပါက ပြင်ဆင်ဖြည့်စွက်၍ ပြန်လည်တင်ပြ စေခြင်း ပြုနိုင်သည်။

 

အခန်း (၁၀)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်း

 

၄၀။ ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်-

 

(က) စီးပွားရေးအဖွဲ့အစည်း၊

 

(ခ) ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် အခြားပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊ ငွေသား၊ အပေါင်ပစ္စည်းများ၊ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ စက်အပိုပစ္စည်းများနှင့် ဆက်စပ်အသုံးအဆောင်များ၊

 

(ဂ) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)များနှင့် ဒီဘင်ချာ ခေါ် ငွေချေးသက်သေခံ လက်မှတ် များ၊

 

(ဃ) နည်းပညာကျွမ်းကျင်မှု၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အပါအဝင် ဥပဒေများနှင့်အညီ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊

 

(င) ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိညာဉ်စာချုပ်အရ ငွေကြေး အခွင့် အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊

 

(စ) အကျိုအမြတ်ခွဲဝေသည့် သဘောတူစာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံတာဝန်ယူ ဆောင်ရွက်သည့်စနစ် အပါအဝင် သဘောတူစာချုပ်ပါ အခွင့်အရေးများ၊

 

(ဆ) သဘာဝသယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့် စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်းဆိုင်ရာ အခွင့်အရေးများ အပါအဝင် သက်ဆိုင်ရာဥပဒေ သို့မဟုတ် ပဋိညာဉ်စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။

 

၄၁။ အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်သည်-

 

(က) နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက်ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ခ) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှအပ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရန်၊ အတည်ပြုချက် မရရှိ သေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ အသုံးအဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ဂ) နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိခိုက် စေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ဃ) ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(င) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

 

(စ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသော ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများ ထုတ်လုပ် သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

၄၂။ အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဖြစ် သတ်မှတ်သည်-

 

(က) နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ခ) နိုင်ငံသားရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့်မရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

 

(ဂ) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသားလူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့်သာ ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

 

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ။

 

၄၃။ ကော်မရှင်သည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပုဒ်မ ၄၂ ပါ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအား အများပြည်သူသိရှိစေရန် အစိုရအဖွဲ့၏ အတည်ပြုချက် ဖြင့် အမိန့်ကြော်ငြာစာ သတ်မှတ်ကြေညာရမည်။

 

၄၄။ ကော်မရှင်သည် ပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီးနောက် လျှော့ပေါ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လိုအပ်လာလျှင် အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ပြင်ဆင်သတ်မှတ် ကြေညာရမည်။

 

၄၅။ ကော်မရှင်သည် ပုဒ်မ ၄၄ အရ ပြန်လည်သုံးသပ်ရာတွင် အစိုးရအဖွဲ့က ပြုလုပ်ထားသော နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို သွေဖည်မှုမရှိစေရန် အလေး ထား၍ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေး ညှိနှိုင်းတိုင်ပင်နိုင်သည်။

 

၄၆။ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက်ရောက်မှုဖြစ်စေ နိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများကို ခွင့်ပြုမိန့်ထုတ်ပေးရန် ဆောင်ရွက်သည့်အခါ အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။

 

အခန်း (၁၁)

ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း

 

၄၇။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများအပေါ် ဆက်ဆံဆောင်ရွက်ရာတွင်-

 

(က) ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာတို့တွင် တစ်နည်းနည်းဖြင့် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမှ တစ်ပါး ဤဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ။

 

(ခ) တူညီသော အခြေအနေမျိုးတွင် နိုင်ငံတစ်ခုမှ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့်လုပ်ငန်း ဖွဲ့စည်းတည်ထောင်ခြင်း၊ လုပ်ငန်းရယူခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခြားအစီအစဉ်များအပေါ် အခြားနိုင်ငံတစ်ခုခုမှ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် ပေးအပ်ထားသည့် ဆက်ဆံဆောင်ရွက်မှုထက် လျော့နည်း ခြင်း မရှိစေရ၊

 

(ဂ) ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်သည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအား အောက်ပါကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သော ခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူးအခွင့်အရေးပေးခြင်း တို့အတွက် လိုက်နာရန် တာဝန်ရှိသည်ဟု မမှတ်ယူစေရ-

 

(၁) အကောက်ခွန်ယူနီယံ (Customs Union)၊ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊ စီးပွားရေးယူနီယံနှင့် နိုင်ငံတကာသဘောတူညီမှုများအရ ဖြစ်ပေါ်လာသော အကောက်ခွန်ယူနီယံ (Customs Union)၊ လွတ်လပ်သောကုန်သွယ်ရေးဇုန်နှင့် စီးပွားရေးယူနီယံ၊

 

(၂) နိုင်ငံတကာသဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ သဘောတူစာချုပ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ၊ ဒေသတွင်းနိုင်ငံများအကြား ချုပ်ဆိုသည့် သဘောတူစာချုပ်များ သို့မဟုတ် အစီအစဉ်များ၊ အခြားနိုင်ငံများနှင့် ချုပ်ဆိုသည့် သဘောတူ စာချုပ်များ သို့မဟုတ် အစီအစဉ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများကို ပေးအပ်သည့် ပိုမိုသာလွန်သော ဆက်ဆံဆောင်ရွက်မှုများ သို့မဟုတ် အခွန်အကောက် ဆိုင်ရာ ကိစ္စရပ်များနှင့် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပါဝင်ပတ်သက် နေသော အစီအစဉ် များ။

 

၄၈။ အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုပြုရန် အာမခံသည်-

 

(က) ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ ထိခိုက်နစ်နာ စေသည့်ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ရပိုင်ခွင့်၊

 

(ခ) ရင်းနှီးမြှုပ်နှံသူများနှင့်၎င်းတို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲခြင်း အပါ အဝင် အခြားသော အလားတူလုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့်။

 

၄၉။ ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၇၆ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်းမရှိစေရ။

 

အခန်း (၁၂)

မြေအသုံးပြုခွင့်

 

၅၀။ (က) ဤဥပဒေအရ ခွင့်ပြုမိန့်ရရှိထားသော သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီး မြှုပ်နှံသူသည် ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက ပိုင်ရှင်ထံမှလည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှလည်းကောင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အလို့ငှာ သတ်မှတ်ချက် များနှင့်အညီ နှစ်ရှည်မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့်ရှိသည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင် တည်ဆဲဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည်။

 

(ခ) နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှစ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်သည်။

 

(ဂ) အထက်ဖော်ပြပါ ပုဒ်မခွဲ (ခ) အရ ခွင့်ပြုထားသော မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့်ကာလ သက်တမ်းကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်းကုန်ဆုံးပြီး ထပ်မံ၍ ၁၀ နှစ် သက်တမ်းတိုးမြှင့်နိုင်သည်။

 

(ဃ) ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်းစာချုပ်အား စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း အက်ဥပဒေနှင့် အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။

 

(င) အစိုးရအဖွဲ့သည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှုများအတွက် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော သတ်မှတ်ချက်များနှင့်အခွင့်အရေးများကို ခွင့်ပြုပေးနိုင်သည်။

 

(စ) ကော်မရှင်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသောဒေသများတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် ဤဥပဒေပါ မြေ သို့မဟုတ် အဆောက်အအုံငှားရမ်းခွင့်ကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံအသုံးပြုခွင့်ကာလထက် ပိုမိုခံစားခွင့်ပြုရာတွင် အစိုးရအဖွဲမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

 

အခန်း (၁၃)

အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

 

၅၁။ ရင်းနှီးမြှုပ်နှံသူသည်-

 

(က) နိုင်ငံတော်အတွင်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းကိုက်ညီသည့် မည်သည့် နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီ ခန့်အပ်နိုင်သည်။

 

(ခ) အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူနေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန်အလို့ငှာ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်၍ အစားထိုးခန့်ထား ရမည်။

 

(ဂ) ကျွမ်းကျင်မှုမလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

 

(ဃ) နိုငံခြားသားနှင့် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက်စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

 

(င) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့် အရေးနှင့် တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာစည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြားအာမခံ ထားရှိခြင်းတို့ အပါအဝင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများ ရရှိရေး အတွက် ဆောင်ရွက်ပေးရမည်။

 

(စ) ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင်အချင်းချင်း၊ အလုပ်သမားအချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှု များကို တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းရမည်။

 

အခန်း (၁၄)

ရင်းနှီးမြှုပ်နှံမှုကို အာမခံခြင်း

 

၅၂။ အစိုးရအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပိုင်ပြုလုပ်ခြင်းမပြုဟု အာမခံသည်။ အောက်ပါအခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်း ကိုဖြစ်စေ၊ သွယ်ဝိုက်သိမ်းယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘောသက်ရောက်သော ဆောင်ရွက်မှု များကိုဖြစ်စေ မပြုလုပ်ဟု အာမခံသည်-

 

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် အမှန်တကယ်လိုအပ်ခြင်း၊

 

(ခ) ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊

 

(ဂ) တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊

 

(ဃ) သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအား မျှတ၍ ပြည့်စုံလုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း။

 

၅၃။ မျှတ၍ ပြည့်စုံလုံလောက်မှုရှိသောလျော်ကြေး သတ်မှတ်ရာတွင် လျော်ကြေးပမာဏသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ စျေးကွက်တန်ဖိုးနှင့် ညီမျှရမည်ဖြစ်ပြီး သိမ်းဆည်းသည့်ကာလ၌ ဖြစ်ပေါ်နေသည့် စျေးကွက်တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ၎င်းလျော်ကြေးပမာဏအား သတ်မှတ်ရာတွင် အများပြည်သူအကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွားအကြား မျှတသော အခြေအနေအပေါ် အခြေခံရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင်အနေအထား၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ အကြောင်းအရင်း၊ ရင်းနှီးမြှုပ်နှံမှု၏ မျှတသော စျေးကွက် တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက်ရရှိခဲ့သည့် အမြတ်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှု သက်တမ်းတို့ကိုပါ ထည့်သွင်းစဉ်းစားရမည်။

 

၅၄။ ဤဥပဒေ၏ အခန်း (၂၁) နှင့် အခန်း (၂၂) ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှုအကျိုးစီးပွား အထောက်အကူပြုစေရေး ရည်ရွယ်ချက်များအတွက် လုပ်ဆောင်သည့် ခွဲခြားမှု မရှိသည့် ဆောင်ရွက်ချက်များသည် ဤအခန်း၏ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။

 

၅၅။ ပုဒ်မ ၅၂ ကို လိုက်နာကျင့်သုံးရာတွင် လုပ်ကိုင်ဆောင်ရွက်မှုများသည် အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် သွယ်ဝိုက်၍ ရင်းနှီးမြှုပ်နှံမှု သိမ်းယူခြင်းဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံသူက တင်ပြလာလျှင် အစိုးရအဖွဲ့သည် အောက်ဖော်ပြပါ အချက်အလက်များကို ထည့်သွင်း စဉ်းစား၍ ကိစ္စရပ်တစ်ခုချင်းအလိုက် စုံစမ်းစစ်ဆေးမှုပြုခြင်း၊ အချက်အလက်ကို စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည်-

 

(က) ရင်းနှီးမြှုပ်နှံမှု၏ စီးပွားရေးတန်ဖိုးကို ကြီးမားပြင်းထန်စွာ ထိခိုက်နစ်နာစေရန် တမင်ဖန်တီး ရည်ရွယ်ဆောင်ရွက်ခြင်း ရှိ မရှိ၊

 

(ခ) အစိုးရမှ ရင်းနှီးမြှုပ်နှံသူသို့ ယခင်စာဖြင့် ရေးသားထားသည့် ကတိကဝတ်များ၊ သဘောတူစာချုပ်၊ လိုင်စင် သို့မဟုတ် အခြားတရားဝင်စာရွက်စာတမ်းများကို ချိုးဖောက်မှု ရှိ မရှိ၊

 

(ဂ) ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက် အပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိ မရှိ။

 

အခန်း (၁၅)

ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း

 

၅၆။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါဘဏ္ဍာငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်သည်-

 

(က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေစာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊

 

(ခ) ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာ အကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိ ဝင်ငွေများ၊

 

(ဂ) ရင်းနှီးမြှုပ်နှံမှုတစ်ခု၏ စုစုပေါင်းရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းရောင်းချမှု သို့မဟုတ် လုပ်ငန်းတစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုစာရင်းရှင်းလင်းဖျက်သိမ်းခြင်း တို့မှ ထွက်ပေါ်လာသည့် အမြတ်အစွန်းများ၊

 

(ဃ) ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့်ငွေများ၊

 

(င) ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊

 

(စ) ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပစ္စည်းသိမ်းယူခြင်းတို့မှ လျော်ကြေးအဖြစ် ရရှိသည့် ငွေကြေးများ၊ အခြားလျော်ကြေးငွေများ၊

 

(ဆ) နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသားကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခလစာနှင့် ဝင်ငွေ။

 

၅၇။ ချေးငွေလွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေရယူခြင်းတို့နှင့်စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်းများ နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။

 

၅၈။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါကိစ္စရပ်များတွင် နိုင်ငံတော်အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လွှဲပြောင်းနိုင်သည်-

 

(က) ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာအကူအညီထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများနှင့် မည်သည့်ပြင်ပ အဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊

 

(ခ) ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ်အရ ပေးချေရမည့်ငွေများနှင့် အာမခံ လျော်ကြေးငွေများ၊

 

(ဂ) စီရင်ချက်အမိန့်၊ အနုညာတစီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူမှ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ။

 

၅၉။ ဘဏ္ဍာငွေလွှဲပြောင်းမှုများအားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ်မူတည်၍ သတ်မှတ်ထား သည့် အခွန်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်ထမ်းဆောင်ပြီးမှသာ လွှဲပြောင်းရမည်။

 

၆၀။ တရားဝင်ခွင့်ပြုမိန့်ဖြင့် အလုပ်လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူဝန်ထမ်းများသည် ဝင်ငွေခွန်ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှုဆိုင်ရာဝတ္တရားများအရ လွှဲပြောင်းမည့် ငွေကြေးပမာဏအပေါ်မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသောငွေကို မည်သည့်နုတ်ယူခြင်းမျှမရှိဘဲ နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်သည်။

 

၆၁။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၅၆ တွင် ဖော်ပြထားသည့် ဘဏ္ဍာငွေများ လွှဲပြောင်းခြင်းပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၏ ငွေလုံးငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့်ငွေများကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ လွတ်လပ်စွာ သုံးစွဲ နိုင်သည့် ငွေကြေးဖြင့် လွှဲပြောင်းနိုင်သည်။

 

၆၂။ အစိုးရအဖွဲ့သည် အောက်ပါအခြေအနေတစ်ရပ်ရပ်နှင့် ဆက်စပ်သော နိုင်ငံခြားငွေလွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ပြုနိုင်သည်-

 

(က) လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊

 

(ခ) ပြစ်မှု သို့မဟုတ် ပြစ်မှုမကင်းသည့်နည်းလမ်းဖြင့် ရရှိသည့်ငွေများအား တရားဝင်ငွေအဖြစ် လွှဲပြောင်းသည့် အခြေအနေ၊

 

(ဂ) ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများအား ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေး အာဏာပိုင်အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့် အခြေ အနေ၊

 

(ဃ) တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် အခြေအနေ၊

 

(င) အခွန်ကိစ္စရပ်များ၊

 

(စ) လူမှုဖူလုံရေးဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေးအစီအစဉ်များ၊

 

(ဆ) အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးရသည့် အခြေအနေ။

 

၆၃။ အစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း၌ ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် အသုံးပြုရန် လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ်များနှင့် နိုင်ငံခြားချေးငွေများကို တည်ဆဲဥပဒေနှင့်အညီ ပြည်ပမှ ငွေလွှဲပြောင်းရယူခွင့် ပြုသည်။

 

၆၄။ ပြည်ပငွေပေးငွေယူခြင်းဆိုင်ရာ သို့မဟုတ် ပြည်ပငွေကြေးအခက်အခဲများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု သို့မဟုတ် လွှဲပြောင်းပေးမှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

 

အခန်း (၁၆)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

 

၆၅။ ရင်းနှီးမြှုပ်နှံသူသည်-

 

(က) နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှု တို့ကို လေးစားလိုက်နာရမည်။

 

(ခ) ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင် သို့မဟုတ် တရားဝင် စီးပွားရေးအဖွဲ့အစည်းများ၊ သို့မဟုတ် အဆိုပါ တရားဝင်စီးပွားရေးအဖွဲ့အစည်း၏ ရုံးခွဲများကို ဥပဒေ နှင့်အညီ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ရမည်။

 

(ဂ) တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များ နှင့်အခွန်ဆိုင်ရာတာဝန်ရှိမှု အပါအဝင် ၎င်းတို့အား ထုတ်ပေးထားသော အထူးပြုလိုက်စင်၊ ခွင့်ပြုမိန့် နှင့် လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

(ဃ) လုပ်ငန်းသဘာဝအရဖြစ်စေ၊ အခြားလိုအပ်ချက်အရဖြစ်စေ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရယူရန် လိုအပ်လျှင် ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ရမည်။

 

(င) မိမိငှားရမ်းခွင့်ရရှိထားသော သို့မဟုတ် အသုံးပြုခွင့်ရရှိထားသော မြေ၏ မြေပေါ်မြေအောက်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်မှုမရှိသော၊ မူလသဘောတူစာချုပ်တွင် မပါဝင်သော သဘာဝတွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်းပစ္စည်းများနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင်ထံသို့ ချက်ချင်းသတင်းပေး အကြောင်းကြားရမည်။ ကော်မရှင်က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ပြီး ခွင့်မပြုလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုးခွင့်ပြုချက်ရယူ၍ ပြောင်းရွေ့ဆောင်ရွက်ရမည်။

 

(စ) မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။

 

(ဆ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှုမဖြစ်စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာဆောင်ရွက်ရမည်။

 

(ဇ) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ စာရင်းဇယားများ၊ နှစ်ပတ်လည်ငွေစာရင်းများနှင့် လိုအပ်သည့် ဘဏ္ဍရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာနှင့်ပြည်တွင်းအသိအမှတ်ပြု စာရင်းကိုင်စံနှုန်းများနှင့် အညီ ကောင်းမွန်စွာ ပြုစုမှတ်တမ်းတင် ထားရှိရမည်။

 

(ဈ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပြီးပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရပ်ဆိုင်းခြင်း၊ လုပ်သားအင်အားလျှော့ချခြင်းတို့ အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပိတ်သိမ်းရမည်။

 

(ည) ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားရသည့် ကာလအတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ စသည်တို့နှင့်အညီ လုပ်ခ၊ လစာ ပေးရမည်။

 

(ဋ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများအတွက် သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေဆက်ခံ ခွင့်ရှိသူအား တည်ဆဲဥပဒေနှင့်အညီ ရထိုက်သည့် နစ်နာကြေးနှင့် လျော်ကြေးကို ပေးရမည်။

 

(ဌ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားကျွမ်းကျင် ပညာရှင် များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာရန် ကြပ်မတ်ရမည်။

 

(ဍ)အလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။

 

(ဎ) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိရမည်။

 

(ဏ) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းမှတစ်ပါး ရင်းနှီးမြှုပ်နှံမှုနှင့်မသက်ဆိုင်သော သစ်တောများ ခုတ်ထွင်ခြင်း၊ သဘာဝ သယံဇာတများ တူးဖော်ခြင်း စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းနှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါက အဆိုပါ ဆုံးရှုံးနစ်နာမှုအတွက် ထိရောက်သည့် လျော်ကြေးကို နစ်နာသူ ထံသို့ ပေးလျော်ရမည်။

 

(တ) ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် ကြိုတင်အကြောင်းကြား လာပါက မည်သည့်နေရာကိုမဆို ဝင်ရောက်စစ်ဆေးရန် ခွင့်ပြု​ပေးရမည်။

 

(ထ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများသည် ဆန်းစစ် ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ဦးစွာရယူရမည်။ ဤသို့ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့ လုပ်ငန်းဆောင်ရွက်နေသည့် ကာလတစ်လျှောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှုဆန်းစစ်ချက်များ ဆောင်ရွက်မှုအခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။

 

၆၆။ ကော်မရှင်သည် ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ထ) ပါ ဆန်းစစ်ချက်အပေါ် မူတည်၍ အဆိုပါရင်းနှီးမြှုပ်နှံမှုများအား ဆက်လက်ဆောင်ရွက်စေခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း အပါအဝင် လိုအပ်သည်များ စီမံဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

 

၆၇။ ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၅ တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်ရှိမှုအားလုံးကို ဤဥပဒေအာဏာသက်ဝင်သည့်နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည်။

 

၆၈။ ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလမကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှုရပ်စဲပါက ၎င်း၏ ရင်းနှီးမြှုပ်နှံ မှုအတွက် အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်အကောက်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးတို့ဖြင့် ပြည်ပမှတင်သွင်းခဲ့သော စက်ယန္တရားများ၊ ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှတင်သွင်းခဲ့သည့် ပစ္စည်းများအားလုံး ရောင်းချခြင်း၊ ပြန်လည် တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးကို ပြန်လည် ပေးဆောင်ပြီးမှသာ ဆောင်ရွက်ရမည်။

 

၆၉။ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိပြီးမှသာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ် စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်ခွင့်ရှိသည်။

 

၇၀။ ပုဒ်မ ၆၉ တွင်ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်း တို့အတွက် ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်။

 

၇၁။ ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားအလိုက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျန်းမာရေးဆိုင်ရာဆန်းစစ်ချက်၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုဆန်းစစ်ချက်၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တို့ကို ဆောင်ရွက် ရမည်။

 

၇၂။ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရယူထားသော ရင်းနှီးမြှုပ်နှံမှုအား လုပ်ငန်းသက်တမ်းကာလ အတွင်း အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာလွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေးတင်ပြရမည်။

 

အခန်း (၁၇)

အာမခံထားရှိခြင်း

 

၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်း တစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထားရှိရမည်။

 

အခန်း (၁၈)

ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

 

၇၄။ ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

 

၇၅။ (က) ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအား ဇုန် (၁) အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများအား ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန် (၃) အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့် ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၇ နှစ် အထိလည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၅ နှစ်အထိ လည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ၃ နှစ်အထိ လည်းကောင်း ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်သည်။

 

(ခ) အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲသတ်မှတ်နိုင်သည်။

 

(ဂ) ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

 

၇၆။ အခန်း (၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်များအပြင် အစိုးရ အဖွဲ့သည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့များ၊ ငွေကြေးဆိုင်ရာပံ့ပိုးမှုများ၊ စွမ်းဆောင်ရည်မြှင့်တင် ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်နေသည့် နေရာ သို့မဟုတ် စီးပွားရေးလုပ်ငန်း အမျိုးအစား များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များတွင် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင် သည်။

 

၇၇။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန်နှင့် အခြားပြည်တွင်းအခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကိုစိစစ်ခွင့်ပြုပေး နိုင်သည်-

 

(က) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြင်ဆင်မှု ကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာ များ၊ စက်ကိရိယာအစိတ်အပိုင်းများ၊စက်အရန်ပစ္စည်းများ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောက်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

(ခ) ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

(ဂ) ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့်တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့်ကုန်ပစ္စည်းပမာဏ အတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊

 

(ဃ) ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏ တိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိခြင်းမရှိသော တည်ဆောက်ရေး ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက် များဖြစ်စေ၊ နှစ်မျိုးလုံး ကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

 

၇၈။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည်-

 

(က) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏အခြားအမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ဖြစ်စေ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

(ခ) ဝင်ငွေခွန်စည်းကြပ်ရန်အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံး အခြားမတည်ပစ္စည်းမျာအပေါ်တွင် သတ်မှတ်အချိန်ကာလထက် လျော့နည်း သော ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းထားဖြင့် စီးပွားဖြစ်စတင်သောနှစ်မှ စတင်၍ တွက်ချက် ခံစားခွင့်၊

 

(ဂ) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်လိုအပ်၍ နိုင်ငံတော်အတွင်း ဆောင်ရွက် သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်။

 

၇၉။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ပေးဆောင်ရမည်။

 

၈၀။ ပုဒ်မ ၇၅ ၊ ၇၇ နှင့်၇၈ တွင် ပြဋ္ဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာအခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

 

၈၁။ ပုဒ်မ ၇၅၊ ၇၇၊ ၇၈ နှင့် ၈၀ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

 

အခန်း (၁၉)

အငြင်းပွားမှုဖြေရှင်းခြင်း

 

၈၂။ ဤဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာရပ်များအား တရားဝင်အငြင်းပွားမှုအဆင့်သို့ မရောက်ရှိမီ ဖြေရှင်းနိုင်ရန်၊ အငြင်းပွားမှု ဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် သက်ဆိုင်သည့် စုံးစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် နစ်နာမှု ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်ကို စီမံချမှတ်ရမည်။

 

၈၃။ ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအချင်းချင်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို တရားရုံး သို့မဟုတ် အနုညာတခုံရုံးတို့တွင် တရားမစွဲဆိုမီ အငြင်းပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများကို အသုံးပြုရမည်။

 

၈၄။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်း၍ ပြေလည်မှုမရရှိပါက-

 

(က) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းမရှိလျှင် စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့မဟုတ် အနုညာတခုံရုံး၌ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

 

(ခ) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်းရှိလျှင် ယင်းသတ်မှတ်ထား သည့် ဖြေရှင်းနည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

အခန်း(၂၀)

စီမံခန့်ခွဲရေးပြစ်ဒဏ်

 

၈၅။ ကော်မရှင်သည်-

 

(က) ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် သို့မဟုတ် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ရင်းနှီးမြှုပ်နှံသူအပေါ်တွင် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ သို့မဟုတ် တစ်ရပ်ထက်ပိုသော ပြစ်ဒဏ်များကိုဖြစ်စေ ချမှတ်နိုင်သည်-

 

(၁) သတိပေးခြင်း၊

 

(၂) လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊

 

(၃) အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီရပ်ဆိုင်းခြင်း၊

 

(၄) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

 

(၅) နောင်တွင် မည်သည့်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်မျှ ထုတ်ပေးမည်မဟုတ်သော နာမည်ပျက် စီးပွားရေးလုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်း။

 

(ခ)ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ်မချမှတ်မီ စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့်စပ်လျဉ်းသည့် ကြိုတင် အကြောင်းကြားစာကို ရင်းနှီးမြှုပ်နှံသူထံသို့ အကြောင်းကြားရမည်။ ရင်းနှီးမြှုပ်နှံသူသည် ၎င်းအပေါ် ချမှတ်မည့် စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စာဖြင့် ရေးသားမေးမြန်းဖြေရှင်းနိုင်ခွင့် ရှိရမည်။

 

(ဂ) ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှုပြစ်ဒဏ် ချမှတ်ရာတွင် ထိုသို့ချမှတ်ရသည့် အကြောင်းအရင်းကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးရမည်။

 

၈၆။ (က) ကော်မရှင်က ပုဒ်မ ၈၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိသည့် ရင်းနှီးမြှုပ်နှံသူသည် အစိုးရအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ဆုံးဖြတ်ချက် ချမှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အယူခံလျှောက်ထားနိုင်သည်။

 

(ခ) အစိုးရအဖွဲ့သည် ကော်မရှင်က ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်း ပြုနိုင်သည်။

 

(ဂ) အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

 

၈၇။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေး၊ အလုပ်သမားခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို မရိုးမဖြောင့်သောသဘောဖြင့် မမှန်ဖော်ပြကြောင်း ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို မရိုးမဖြောင့်သော သဘောဖြင့် မမှန်ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်း ခိုင်လုံသော သက်သေခံအထောက်အထား များ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။

 

၈၈။ ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၄၁ ပါ တားမြစ်သည့် ရင်းနှီးမြှုပ်မှုလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်း အပါအဝင် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ဤဥပဒေအရ အရေးယူမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်း ခံရမည်။

 

အခန်း (၂၁)

ခြွင်းချက်ပြုရမည့်အချက်များ

 

၈၉။ ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့၏ ဆင်ခြင်တုံတရားဖြင့် ချမှတ်ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါဆောင်ရွက်ချက်များကို တားမြစ်သည်ဟု မှတ်ယူခြင်း မပြုရ-

 

(က) ပြည်သူ့ကိုယ်ကျင့်တရား ကာကွယ်ရန် သို့မဟုတ် အများပြည်သူအကျိုးငှာ ထိန်းသိမ်းရန် လိုအပ်ချက်၊

 

(ခ) လူသား၊ တိရစ္ဆာန် သို့မဟုတ် အပင်များ၏ သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန် လိုအပ် ချက်၊

 

(ဂ) ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင် ငွေကြေးအပ်နှံသူများ၊ ငွေကြေးစျေးကွက်တွင် ပါဝင်ဆောင်ရွက်သူ များ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ် ယုံမှတ်အပ်နှံမှု တာဝန်ရှိသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုက ၎င်းမှတာဝန်ရှိသည့် လူပုဂ္ဂိုလ်များကို ကာကွယ်ခြင်း၊

 

(ဃ) ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုံခြုံမှု၊ ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊

 

(င) နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို အာမခံခြင်း၊

 

(စ) ရင်းနှီးမြှုပ်နှံသူနှင့် ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသော စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက်အခွန်များ ကောက်ခံခြင်းအား သေချာစေရန် ရည်ရွယ်ခြင်း၊

 

(ဆ) အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းတန်ဖိုးရှိသော အမျိုးသားအမွေအနှစ် ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊

 

(ဇ) ပြည်တွင်း၌ ထုတ်လုပ်မှု သို့မဟုတ် သုံးစွဲမှုများကြောင့် ထိခိုက်မှုဖြစ်စေပါက ယင်းသို့မဖြစ်စေရန် သဘာဝသယံဇာတများအား ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း။

 

အခန်း (၂၂)

လုံခြုံရေးဆိုင်ရာကင်းလွတ်ခွင့်များ

 

၉၀။ (က) ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့က လုံခြုံရေးအလို့ငှာ လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းကို တားမြစ်သည်ဟု မမှတ်ယူရ။

 

(ခ) ဤဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များသည် အစိုးရအဖွဲ့က နိုင်ငံတော်၏ အရေးပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့် အောက်ဖော်ပြပါ ဆောင်ရွက်ချက်တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းကို တားဆီးခြင်းမရှိစေရ-

 

(၁) တပ်မတော် သို့မဟုတ် အခြားလုံခြုံရေးအဖွဲ့အား လက်နက်၊ ခဲယမ်းမီးကျောက်နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန်အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက်ချက်များ။

 

(၂) နိုင်ငံတကာဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြားအရေးပေါ် အခြေအနေများအရ လိုအပ်သလို ဆောင်ရွက်ခြင်း။

 

အခန်း (၂၃)

အထွေထွေ

 

၉၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် နိုင်ငံတော်က အတည်ပြုလက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲပါက ထိုဆန့်ကျင်သည့် ပြဋ္ဌာန်းချက်အတွက် အပြည်ပြည်ဆိုင်ရာစာချုပ်များနှင့် သဘောတူညီချက်ပါ အချက် များကို လိုက်နာရမည်။

 

၉၂။ ဤဥပဒေပြဋ္ဌာန်းပြီးနောက် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးမီကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁/ ၂၀၁၂) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများကို ဆက်လက်ကျင့်သုံးနိုင်သည်။

 

၉၃။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၀/ ၁၉၈၈) သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။) သို့မဟုတ် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို အခြေခံ၍ ကော်မရှင်က ပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်သည် အဆိုပါ ခွင့်ပြုမိန့်၏ သတ်မှတ်သက်တမ်းကုန်ဆုံးသည့် အချိန်အထိ ဆက်လက်အကျိုးသက်ရောက်စေရမည်။

 

၉၄။ အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည်။

 

၉၅။ ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေအထောက်အထား ခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးကိုဖြစ်စေ တရားမ ကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

 

၉၆။ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။

 

၉၇။ ကော်မရှင်အဖွဲ့ဝင်များသည် မိမိရရှိထားသည့် သတင်းအချက်အလက်များကို ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ကိစ္စများမှတစ်ပါး အခြားကိစ္စရပ်များတွင် အသုံးမပြုရ။

 

၉၈။ ပုဒ်မ ၈၅ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ အယူခံခြင်းမှတစ်ပါး ဤဥပဒေအရ အပ်နှင်းသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်က ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ်အတည် ဖြစ်သည်။

 

၉၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည်-

 

(က) ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

 

(ခ) ကော်မရှင်၏ ကုန်ကျစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျခံရမည်။

 

၁၀၀။ ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

 

(က) ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

(ခ) ကော်မရှင်သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

 

၁၀၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။) နှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် ကော်မရှင်သည် ဤဥပဒေအရ ဆက်ခံမည့် ကော်မရှင်အား တာဝန်ဝတ္တရားများ လွှဲအပ်ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်