À propos de la propriété intellectuelle Formation en propriété intellectuelle Respect de la propriété intellectuelle Sensibilisation à la propriété intellectuelle La propriété intellectuelle pour… Propriété intellectuelle et… Propriété intellectuelle et… Information relative aux brevets et à la technologie Information en matière de marques Information en matière de dessins et modèles industriels Information en matière d’indications géographiques Information en matière de protection des obtentions végétales (UPOV) Lois, traités et jugements dans le domaine de la propriété intellectuelle Ressources relatives à la propriété intellectuelle Rapports sur la propriété intellectuelle Protection des brevets Protection des marques Protection des dessins et modèles industriels Protection des indications géographiques Protection des obtentions végétales (UPOV) Règlement extrajudiciaire des litiges Solutions opérationnelles à l’intention des offices de propriété intellectuelle Paiement de services de propriété intellectuelle Décisions et négociations Coopération en matière de développement Appui à l’innovation Partenariats public-privé Outils et services en matière d’intelligence artificielle L’Organisation Travailler avec nous Responsabilité Brevets Marques Dessins et modèles industriels Indications géographiques Droit d’auteur Secrets d’affaires Académie de l’OMPI Ateliers et séminaires Application des droits de propriété intellectuelle WIPO ALERT Sensibilisation Journée mondiale de la propriété intellectuelle Magazine de l’OMPI Études de cas et exemples de réussite Actualités dans le domaine de la propriété intellectuelle Prix de l’OMPI Entreprises Universités Peuples autochtones Instances judiciaires Ressources génétiques, savoirs traditionnels et expressions culturelles traditionnelles Économie Égalité des genres Santé mondiale Changement climatique Politique en matière de concurrence Objectifs de développement durable Technologies de pointe Applications mobiles Sport Tourisme PATENTSCOPE Analyse de brevets Classification internationale des brevets Programme ARDI – Recherche pour l’innovation Programme ASPI – Information spécialisée en matière de brevets Base de données mondiale sur les marques Madrid Monitor Base de données Article 6ter Express Classification de Nice Classification de Vienne Base de données mondiale sur les dessins et modèles Bulletin des dessins et modèles internationaux Base de données Hague Express Classification de Locarno Base de données Lisbon Express Base de données mondiale sur les marques relative aux indications géographiques Base de données PLUTO sur les variétés végétales Base de données GENIE Traités administrés par l’OMPI WIPO Lex – lois, traités et jugements en matière de propriété intellectuelle Normes de l’OMPI Statistiques de propriété intellectuelle WIPO Pearl (Terminologie) Publications de l’OMPI Profils nationaux Centre de connaissances de l’OMPI Série de rapports de l’OMPI consacrés aux tendances technologiques Indice mondial de l’innovation Rapport sur la propriété intellectuelle dans le monde PCT – Le système international des brevets ePCT Budapest – Le système international de dépôt des micro-organismes Madrid – Le système international des marques eMadrid Article 6ter (armoiries, drapeaux, emblèmes nationaux) La Haye – Le système international des dessins et modèles industriels eHague Lisbonne – Le système d’enregistrement international des indications géographiques eLisbon UPOV PRISMA UPOV e-PVP Administration UPOV e-PVP DUS Exchange Médiation Arbitrage Procédure d’expertise Litiges relatifs aux noms de domaine Accès centralisé aux résultats de la recherche et de l’examen (WIPO CASE) Service d’accès numérique aux documents de priorité (DAS) WIPO Pay Compte courant auprès de l’OMPI Assemblées de l’OMPI Comités permanents Calendrier des réunions WIPO Webcast Documents officiels de l’OMPI Plan d’action de l’OMPI pour le développement Assistance technique Institutions de formation en matière de propriété intellectuelle Mesures d’appui concernant la COVID-19 Stratégies nationales de propriété intellectuelle Assistance en matière d’élaboration des politiques et de formulation de la législation Pôle de coopération Centres d’appui à la technologie et à l’innovation (CATI) Transfert de technologie Programme d’aide aux inventeurs WIPO GREEN Initiative PAT-INFORMED de l’OMPI Consortium pour des livres accessibles L’OMPI pour les créateurs WIPO Translate Speech-to-Text Assistant de classification États membres Observateurs Directeur général Activités par unité administrative Bureaux extérieurs Avis de vacance d’emploi Achats Résultats et budget Rapports financiers Audit et supervision
Arabic English Spanish French Russian Chinese
Lois Traités Jugements Parcourir par ressort juridique

Myanmar

MM031

Retour

မျိုးစေ့ဥပဒေ (ဥပဒေ အမှတ်၊ ၁/၂၀၁၁ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက် )

 မျိုးစေ့ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၁/၂၀၁၁ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက် )

ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

မျိုးစေ့ဥပဒေ

(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၁/၂၀၁၁)

၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်

( ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက် )

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို မျိုးစေ့ဥပဒေ ဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ထုတ်ပြန်ကြေညာပြီး နှစ်နှစ်ပြည့်မြောက်သည့်နေ့ရက်မှ စတင်၍

အာဏာတည်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်

စေရမည် -

(က) မျိုးစေ့ဆိုသည်မှာ အပွင့် သို့မဟုတ် အသီးမှရရှိသော မျိုးစေ့နှင့် မျိုးပွားစိုက်ပျိုးနိုင်သောအပင်

သို့မဟုတ် အပင်၏အစိတ်အပိုင်းအားလုံးကို ဆိုသည်။

(ခ) သီးနှံစေ့ ဆိုသည်မှာ မျိုးစေ့အဖြစ်မှအပ အခြားတစ်နည်းနည်းဖြင့် အသုံးပြုရန် ထုတ်လုပ်သည့်

အစေ့နှင့် အဆံများကို ဆိုသည်။

(ဂ) မျိုးသန့်မျိုးစေ့ ဆိုသည်မှာ ဗီဇမှန်ကန်ပြီး သတ်မှတ်ထားသော မျိုးစေ့စံချိန်စံညွှန်းနှင့် ကိုက်ညီသည့်

မျိုးစေ့ကို ဆိုသည်။

(ဃ) အပင်မျိုး ဆိုသည်မှာ စိုက်ပျိုးထားရှိသော အပင်နှင့် ပြင်ပရုပ်သွင်အားဖြင့် လည်းကောင်း၊ ဇီဝကမ္မ

အားဖြင့်လည်းကောင်း၊ ဗီဇအားဖြင့်လည်းကောင်း၊ ဓာတုပစ်္စည်း ပါဝင်မှုအားဖြင့်လည်းကောင်း တူညီ၍

အခြားထူးခြားသော အရည်အချင်းလက္ခဏာတစ်ရပ်ဖြင့် ထင်ရှားစွာ ဖော်ပြနိုင်ပြီး တစ်နည်းနည်းဖြင့်

မျိုးဆက်ပြန့်ပွားသည့်အခါ တူညီသောမျိုးရိုးဗီဇနှင့် ထင်ရှားသော အရည်အချင်း လက္ခဏာများကို ဆက်လက်

ဖော်ဆောင်နိုင်စွမ်းရှိသော မျိုးစေ့ကို ဆိုသည်။

(င) အပင်မျိုးသစ် ဆိုသည်မှာ လက်ရှိအပင်မျိုးနှင့် အနည်းဆုံး လက္ခဏာတစ်ရပ်ရပ်တွင် ထူးခြားစွာ

ဆန်းသစ်မှုရှိရမည့်အပြင် စိုက်ပျိုးသည့်အခါ ယင်း၏လက္ခဏာရပ်များမှာ ညီညာမှုရှိပြီး ထပ်ဆင့်မျိုးပွားရာတွင်

လည်း ယင်း၏လက္ခဏာရပ်များ ပြောင်းလဲမှုမရှိသော အပင်မျိုးကို ဆိုသည်။

(စ) မျိုးစေ့စံချိန်စံညွှန်း ဆိုသည်မှာ မျိုးစေ့အရည်အသွေးနှင့် စပ်လျဉ်း၍ အမျိုးသားမျိုးစေ့ ကော်မတီက

စံအဖြစ် သတ်မှတ်သည့်အချက်များကို ဆိုသည်။

(ဆ) မျိုးစေ့အရည်အသွေး ဆိုသည်မှာ မျိုးစေ့၏ ဗီဇသန့်စင်မှု၊ အပင်ပေါက်ရာခိုင်နှုန်း၊ အစိုဓာတ်နှင့် မျိုးစေ့

သန့်စင်မှုတို့ကို ဆိုသည်။

(ဇ) မျိုးစေ့အရည်အသွေး စစ်ဆေးခန်းဆိုသည်မှာ မျိုးစေ့အရည်အသွေးကို သိရှိနိုင်ရန် စစ်ဆေးသည့်

နေရာဌာနကို ဆိုသည်။

(ဈ) မျိုးစေ့လုပ်ငန်း ဆိုသည်မှာ မျိုးစေ့ကို ထုတ်လုပ်၍ဖြစ်စေ၊ ပြည်တွင်းသို့ တင်သွင်း၍ ဖြစ်စေ၊

ထုတ်လုပ်သူ သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းသူထံမှ ရယူ၍ဖြစ်စေ စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်းကို

ဆိုသည်။

(ည) စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်း ဆိုသည်မှာ သတ်မှတ်ကာလအတွင်း အမျိုးသား

မျိုးစေ့ကော်မတီက သတ်မှတ်သောအလေးချိန် သို့မဟုတ် ပမာဏထက်ကျော်လွန်ပြီး

မျိုးစြေ့ဖန့်ဖြူးခြင်းကို ဆိုသည်။

(ဋ) အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ အပင်မျိုးသစ်ကို ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့

တင်သွင်းရန် အသိအမှတ်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသော လက်မှတ်ကို ဆိုသည်။

(ဌ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်ခွင့်ပြုကြောင်း

ဤဥပဒေအရထုတ်ပေးသော လက်မှတ်ကို ဆိုသည်။

(ဍ) လိုင်စင်ဆိုသည်မှာ မျိုးစေ့လုပ်ငန်းလုပ်ကိုင်ရန် ဤဥပဒေအရထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။

(ဎ) ၀န်ကြီးဌာန ဆိုသည်မှာ လယယ်ာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး

တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊

(ခ) မျိုးစေ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန်၊

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ်္ဂလိကများက မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့သုတေသန

ပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးရန်၊

(ဃ) မျိုးစေ့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်

ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကများ ပူးပေါင်းဆောင်ရွက်နိုင်ရန်။

အခန်း (၃)

အမျိုးသားမျိုးစေ့ကော်မတီဖွဲ့စည်းခြင်း

၎။ ၀န်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် -

(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊

မြန်မာ့စိုက်ပျိုးးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ

အစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူပညာရှင်များနှင့် အခြားသင့်လျော်သူများက

အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော အမျိုးသားမျိုးစေ့ကော်မတီကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရ အမျိုးသားမျိုးစေ့ကော်မတီဖွဲ့စည်းရာတွင် ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူး

တို့ကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။

(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော အမျိုးသားမျိုးစေ့ကော်မတီကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်း

နိုင်သည်။

အခန်း (၄)

အမျိုးသားမျိုးစေ့ကော်မတီ၏ လုပ်ငန်းတာဝန်များ

၅။ အမျိုးသားမျိုးစေ့ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(က) မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး

အတွက် မျိုးစေ့ဆိုင်ရာမူဝါဒကို ချမှတ်ခြင်း၊

(ခ) စီးပွားရေးအလို့ငှာ ဖြန့်ဖြူးခြင်းဟု မှတ်ယူနိုင်ရန် သတ်မှတ်ကာလအတွင်း ဖြန့်ဖြူးသည့် မျိုးစေ့

အလေးချနိနှင့် ပမာဏကို သတ်မှတ်ခြင်း၊

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ်္ဂလိကများ၏ မျိုးစေ့သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်

ဆောင်ရွက်ခြင်း၊

(ဃ) နိုင်ငံအချင်းချင်း သဘောတူညီချက်အရ သုတေသနပြုလုပ်နိုင်ရန် လိုအပ်သော မျိုးစေ့များကို

ပေးပို့ခြင်းနှင့် လက်ခံခြင်း၊

(င) သင့်လျော်သော ကျွမ်းကျင်သူများပါဝင်သည့် မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့များကို

လိုအပ်သလို ဖွဲ့စည်းရန် ၀န်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ လုပ်ငန်းများအား တာဝန်ပေးအပ်ခြင်း၊

(စ) မျိုးစေ့လုပ်ငန်းနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊

ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ ပုဂ်္ဂလိကများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊

(ဆ) မျိုးစေ့ထုပ်ပိုးထားသော သို့မဟုတ် ထည့်သွင်းထားသော ပစ်္စည်းပေါ်တွင် ဖော်ပြရမည့် အချက်များကို

အခါအားလျော်စွာ သတ်မှတ်ခြင်း၊

(ဇ) ၀န်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၆။ အမျိုးသားမျိုးစေ့ကော်မတီသည် -

(က) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး

သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ

အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ ကျွမ်းကျင်သူပညာရှင်များက အဖွဲ့ဝင်များအဖြစ်

လည်းကောင်း ပါဝင်သော မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို ၀န်ကြီးဌာန၏ သဘောတူညီချက်ဖြင့်

ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီကို အခါအားလျော်စွာ ပြင်ဆင်

ဖွဲ့စည်းနိုင်သည်။

၇။ အမျိုးသားမျိုးစေ့ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး

အတွက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီကို အထောက်အကူပြုနိုင်ရန် လိုအပ်သောကော်မတီခွဲများကို

ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။

အခန်း (၅)

အပင်မျိုးသစ်

၈။ အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း သို့မဟုတ် ပြည်ပတွင်းသို့ တင်သွင်းခြင်း ပြုလုပ်လို

သူသည် မိမိထုတ်လုပ်လိုသည့် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းလိုသည့် အပင်မျိုးသစ် အတွက်

အသိအမှတ်ပြုလကမှ်တ်ရရှိရန် အပင်မျိုးသစ်၏ မျိုးစေ့နမူနာနှင့်တကွ အချက်အလက် အပြည့်အစုံကို

သတ်မှတ်ချက်များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီသို့ တင်ပြ၍ လျှောက်ထားရမည်။

၉။ အမျိုးသားမျိုးစေ့ကော်မတီသည် ပုဒ်မ ၈ အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ လိုအပ်သည် များကို

စိစစ်တင်ပြရန် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ တာဝန်ပေးအပ်ရမည်။

၁၀။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် -

(က) ပုဒ်မ ၉ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီစစ်ဆေးပြီး အောက်ပါ

အချက်များပေါ်တွင် အခြေခံ၍ အပင်မျိုးသစ်အဖြစ် ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် သင့်

မသင့် စိစစ်ရမည် -

(၁) မြန်မာနိုင်ငံအတွင်း စိုက်ပျိုးပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ၊

(၂) အပင်မျိုးသစ်သည် လက်ရှိအပင်မျိုးထက် သာလွန်ကောင်းမွန်ခြင်း ရှိ မရှိ နှင့် ထူးခြားသည့်

အရည်အသွေး ရှိ မရှိ၊

(၃) အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကိုထိခိုက်နိုင်ခြင်း ရှိ မရှိ။

(ခ) အပင်မျိုးသစ်နှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(က)အရ စိစစ်တွေ့ရှိချက်ကို သဘောထား မှတ်ချက်နှင့်အတူ

အမျိုးသားမျိုးစေ့ကော်မတီသို့ တင်ပြရမည်။

၁၁။ အမျိုးသားမျိုးစေ့ကော်မတီသည် -

(က) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက ထောက်ခံတင်ပြသော အပင်မျိုးသစ်၏ မျိုးစေ့ နမူနာနှင့်

အချက်အလက်များကို စိစစ်ပြီး ထုတ်လုပ်ရန် သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းရန် လျှောက်ထားသော

အပင်မျိုးသစ်ကို အသိအမှတ်ပြုကြောင်း သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ကြောင်းဆုံးဖြတ်ရမည်။

(ခ) ပုဒ်မခွဲ(က)အရ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ပါက သက်ဆိုင်ရာ လျှောက်ထားသူအား အသိ

အမှတ်ပြု လက်မှတ် ထုတ်ပေးရမည်။

အခန်း (၆)

မျိုးစေ့အရည်အသွေးစစ်ဆေးခန်း

၁၂။ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်

များနှင့်အညီ အမျိုးသားမျိုးစေ့ကော်မတီသို့ လျှောက်ထားရမည်။

၁၃။ အမျိုးသားမျိုးစေ့ကော်မတီသည် -

(က) ပုဒ်မ ၁၂ အရ လျှောက်ထားချက်ကို စိစစ်ပြီး မျိုးစေ့အရည်အသွေး စစ်ဆေးခန်း

ဖွင့်လှစ်နိုင်ရေးအတွက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ) ပုဒ်မခွဲ (က)အရ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့်

မှတ်ပုံတင်လက်မှတ်ခပေးသွင်းစေပြီး စည်းကမ်းချက်များပါရှိသည့် မှတ်ပုံတင်လက်မှတ်ကို သက်ဆိုင်ရာ

လျှောက်ထားသူအား ထုတ်ပေးရမည်။

(ဂ) ပုဒ်မခွဲ(ခ)အရ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်၏ သက်တမ်းသည် ထုတ်ပေးသည့် နေ့မှစ၍

သုံးနှစ်ဖြစ်သည်။

၁၄။ (က) မှတ်ပုံတင်လက်မှတ် ရရှိသူသည် မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးသည့်အခါ

မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဆက်လက်ဖွင့်လှစ်လိုပါက မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေး

ရန် ယင်းလက်မှတ် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍သတ်မှတ်ချက်များနှင့်အညီ

အမျိုးသားမျိုးစေ့ကော်မတီသို့ လျှောက်ထားရမည်။

(ခ) အမျိုးသားမျိုးစေ့ကော်မတီသည် ပုဒ်မခွဲ(က) အရ လျှောက်ထားချက်ကို စိစစ်ပြီး မှတ်ပုံတင်လက်မှတ်

သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ မှတ်ပုံတင်လက်မှတ် သက်တမ်း

တိုးမြှင့်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် သက်တမ်းတိုးမြှင့်ခ ပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ်

သက်တမ်းတိုးမြှင့်ပေးရမည်။

၁၅။ အမျိုးသားမျိုးစေ့ကော်မတီသည် မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်

သော မှတ်ပုံတင်လက်မှတ်ရရှိသူ၏ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ်

ပယ်ဖျက်ခြင်း ပြုနိုင်သည်။

အခန်း (၇)

မျိုးစေ့လုပ်ငန်း

၁၆။ မျိုးစေ့လုပ်ငန်းလုပ်ကိုင် လိုသူသည် -

(က) လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသို့

လျှောက်ထားရမည်။

(ခ) ပုဒ်မခွဲ(က)အရ လျှောက်ထားရာတွင် မျိုးစေ့အမျိုးအစားတစ်မျိုးချင်းအတွက် လိုင်စင်

သီးခြားလျှောက်ထားရမည်။

၁၇။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် -

(က) ပုဒ်မ ၁၆ အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ မျိုးစေ့စံချိန်စံညွှန်းနှင့် ညီညွတ်ခြင်း ရှိ မရှိ

သက်ဆိုင်ရာ မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့အား တာဝန်ပေး၍ စစ်ဆေး တင်ပြစေရမည်။

(ခ) ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာ မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး တင်ပြချက်ကို

စိစစ်ပြီး လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ဂ) လိုင်စင်ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသော လိုင်စင်ခပေးသွင်းစေပြီး စည်းကမ်းချက်များ

ပါရှိသည့် လိုင်စင်ကို သက်ဆိုင်ရာ လျှောက်ထားသူအား ထုတ်ပေး ရမည်။

(ဃ) ပုဒ်မခွဲ(ဂ)အရ လိုင်စင်ထုတ်ပေးရာတွင် မျိုးစေ့အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ လိုင်စင်

သက်တမ်းကို ၁၀ နှစ်ထက် မပိုသောကာလ သတ်မှတ်နိုင်သည်။

၁၈။ လိုင်စင်ရရှိသူသည် -

(က) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊

အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။

(ဂ) မျိုးစေ့ကို မျိုးစေ့စိုက်ခင်းတွင်သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေး စစ်ဆေးခန်းတွင်

သော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုကို

ခံယူရမည်။

(ဃ) မျိုးစေ့ထုပ်ပိုးထားသော သို့မဟုတ် ထည့်သွင်းထားသော ပစ်္စည်းပေါ်တွင် အောက်ပါ အချက်များကို

မှန်ကန်စွာဖော်ပြရမည် -

(၁) ကုန်အမှတ်တံဆိပ်၊

(၂) မျိုးစေ့အမည်၊

(၃) မျိုးစေ့အလေးချိန် သို့မဟုတ် ပမာဏ၊

(၄) မျိုးစေ့အရည်အသွေး၊

(၅) သုံးစွဲရန်အညွှန်းစာ၊

(၆) သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊

(၇) လိုင်စင်အမှတ်နှင့်ရက်စွဲ၊

(၈) မျိုးစေ့အရည်အသွေးနှင့်စပ်လျဉ်း၍ အာမခံကြောင်းဖော်ပြချက်၊

(၉) အမျိုးသားမျိုးစေ့ကော်မတီက အခါအားလျော်စွာသတ်မှတ်သည့် အခြားအချက် အလက်များ။

၁၉။ လိုင်စင်ရရှိသူသည် မျိုးစေ့အရည်အသွေး စစ်ဆေးမှုခံယူပြီးသော မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချ

ရမည်။

၂၀။ လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ မျိုးစေ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်

လိုပါက လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် လိုင်စင်သက်တမ်း မကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍

သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ လျှောက်ထား ရမည်။

၂၁။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် -

(က) ပုဒ်မ ၂၀ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး လိုင်စင်

သက်တမ်းတိုးမြှင့်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် သက်တမ်းတိုးမြှင့်

ခပေးသွင်းစေပြီး လိုင်စင်သက်တမ်းတိုးမြှင့် ပေးရမည်။

အခန်း (၈)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၂။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသည် ပုဒ်မ ၁၈ ပါ အချက်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန်

ပျက်ကွက်သော လိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ဖြစ်စေ၊

တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -

(က) ခွင့်ပြုထားသော မျိုးစေ့လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊

(ခ) ဒဏ်ကြေးငွေပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး သက်ဆိုင်ရာမျိုးစေ့ လုပ်ငန်းကို

ဆက်လက်လုပ်ကိုင်ခွင့်ပြုခြင်း၊

(ဂ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊

(ဃ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

အခန်း (၉)

အယူခံခြင်း

၂၃။ (က) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီက ပုဒ်မ ၂၂ အရ ချမှတ်သည့်အမိန့် သို့မဟုတ်

ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း

၃၀ အတွင်း သတ်မှတ်ချက်များ နှင့်အညီအမျိုးသား မျိုးစေ့ကော်မတီထံ အယူခံနိုင်သည်။

(ခ) အမျိုးသားမျိုးစေ့ကော်မတီသည် ပုဒ်မခွဲ(က)အရအယူခံခြင်းနှင့်စပ်လျဉ်း၍ မျိုးစေ့ကျွမ်းကျင်မှု

ဆိုင်ရာကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ်

ပြင်ဆင်ခြင်းပြုနိုင်သည်။

(ဂ) ပုဒ်မခွဲ(ခ)အရ ချမှတ်သော အမျိုးသားမျိုးစေ့ကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်

ဖြစ်စေရမည်။

အခန်း (၁၀)

တားမြစ်ချက်များ

၂၄။ မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်မျိုးသစ်ကို စီးပွားရေး အလို့ငှာ

ထုတ်လုပ်ခြင်း မပြုရ။

၂၅။ မည်သူမျှလိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

၂၆။ လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကို

သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှု ခံယူခြင်းမပြုရသေးသော မျိုးစေ့ကိုသော်လည်းကောင်း

ဖြန့်ဖြူးခြင်း မပြုရ။

၂၇။ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဖွင့်လှစ်ခြင်းမပြုရ။

အခန်း (၁၁)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၈။ မည်သူမဆို ပုဒ်မ ၂၄၊ ၂၅ သို့မဟုတ် ၂၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း

ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်း

ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော

သက်သေခံပစ်္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၂၉။ မည်သူမဆို ပုဒ်မ ၂၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း

ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်

ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ်္စည်းများ ကိုလည်း

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၃၀။ သက်ဆိုင်ရာတရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော မျိုးစေ့နှင့် ထုပ်ပိုးပစ္စည်းများ

ကိုလည်းကောင်း၊ မျိုးစေ့အရည်အသွေး စစ်ဆေးခန်းသုံးပစ္စည်းများကိုလည်းကောင်း စီမံခန့်ခွဲရန် မြန်မာ့

စိုက်ပျိုးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးအပ်ရမည်။

အခန်း (၁၂)

အထွေထွေ

၃၁။ အောက်ပါအချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ -

(က) တောင်သူလယ်သမားတစ်ဦးဦးက မိမိထုတ်လုပ်သည့် မျိုးစေ့ကိုအခြား တောင်သူ

လယ်သမားအား ဖြန့်ဖြူးရောင်းချခြင်း၊

(ခ) မျိုးပွားခြင်းမဟုတ်ဘဲ အသီး၊ အပွင့်၊ အပင်နှင့်အပင်၏အစိတ်အပိုင်းတို့ကို ဖြန့််ဖြူး ရောင်းချခြင်း။

၃၂။ ၀န်ကြီးဌာနလက်အောက်ရှိဌာန၊လုပ်ငန်းများနှင့်ပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသော

တောင်သူလယ်သမားနှင့် မျိုးစေ့ သုတေသနပြုလုပ်သူတို့သည် ဤဥပဒေအရ လိုင်စင်ရယူခြင်းမှ

ကင်းလွတ်ခွင့်ရှိသည်။

၃၃။ အမျိုးသားမျိုးစေ့ကော်မတီသည် ၀န်ကြီးဌာန၏သဘောတူညီချက်ဖြင့် မှတ်ပုံတင်လက်မှတ်ခ၊

မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးမြှင့်ခ၊ လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခနှင့် အခြားအခကြေးငွေ တို့ကို

သတ်မှတ်ရမည်။

၃၄။ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီသည် မျိုးစေ့လုပ်ငန်းလုပ်ကိုင်ရန် ဤဥပဒေအရ လိုင်စင်

လျှောက်ထားခြင်းအတွက် သတ်မှတ်ထားသော အခကြေးငွေပေးဆောင်ခြင်းမှ အမျိုးသားမျိုးစေ့ ကော်မတီ၏

သဘောတူညီချက်ဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုအားကင်းလွတ်ခွင့်ပြုနိုင်သည်။

၃၅။ ဤဥပဒေအာဏာတည်သည့်နေ့တွင် မျိုးစေ့အရည်အသွေးစစ်ဆေးခန်း ဖွင့်လှစ်နေသူသည်

ယင်းစစ်ဆေးခန်းဆက်လက်ဖွင့်လှစ်လိုပါက မှတ်ပုံတင်လက်မှတ်ကိုလည်းကောင်း၊ မျိုးစေ့လုပ်ငန်း တစ်ခုခုကို

လုပ်ကိုင်နေသူသည် ယင်းလုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်ကိုလည်းကောင်း

ဤဥပဒေအာဏာတည်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ဤဥပဒေပါသက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ

လျှောက်ထားရမည်။

၃၆။ ဤဥပဒေအရ စွဲဆိုသော ပြစ်မှုတွင် မျိုးစေ့နှင့်စပ်လျဉ်း၍ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ၏

မျိုးစေ့အရည်အသွေးစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် ယင်းပြစ်မှုအတွက် အပြီးသတ် သက်သေခံချက်

ဖြစ်စေရမည်။

၃၇။ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသော အပင်မျိုးသစ်ကို ပြည်တွင်းသို့တင်သွင်းလိုသူ သည်

ပါမစ် သို့မဟုတ် လိုင်စင်ရရှိရန် ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသို့

လျှောက်ထားရာတွင် အသိအမှတ်ပြု လက်မှတ်ကို လျှောက်လွှာနှင့်အတူ ပူးတွဲ၍ တင်ပြရမည်။ ယင်းဌာန၊

အဖွဲ့အစည်းသည် အသိအမှတ်ပြုလက်မှတ်တင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်။

၃၈။ မျိုးစေ့ကို ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း ပြုလုပ်လိုသူသည် -

(က) ထောက်ခံချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့

လျှောက်ထားရမည်။

(ခ) ပါမစ် သို့မဟုတ် လိုင်စင်ရရှိရန် ပါမစ် သို့မဟုတ် လိုင်စင် ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊

အဖွဲ့အစည်းသို့ လျှောက်ထားရာတွင် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီ၏ ထောက်ခံချက်ကို

လျှောက်လွှာနှင့်အတူ ပူးတွဲ၍ တင်ပြရမည်။ ယင်းဌာန၊ အဖွဲ့အစည်းသည် အဆိုပါထောက်ခံချက်

တင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင် ထုတ်ပေးနိုင်သည်။

၃၉။ (က) အမျိုးသားမျိုးစေ့ကော်မတီ၏ ရုံးလုပ်ငန်းများကို ၀န်ကြီးဌာနက ဆောင်ရွက်ရမည်။

(ခ) မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီရုံးလုပ်ငန်းများကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းက

ဆောင်ရွက်ရမည်။

(ဂ) ပုဒ်မ ၇ အရ ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့ခွဲများ၏ ရုံးလုပ်ငန်းများကို ၀န်ကြီးဌာန

လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ လုပ်ငန်းက ဆောင်ရွက်ရမည်။

၄၀။ ဤဥပဒေပါပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

၄၁။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ်္စည်းကို တရားရုံးရှေ့သို့

တင်ပို့ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ်္စည်းကို တရားရုံးရှေ့သို့ တင်ပို့ခြင်းမရှိဘဲ မည်ကဲ့သို့

ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အထောက်

အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်းတင်ပြဘိ သကဲ့သို့

မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

၄၂။ အစိုးရ၀န်ထမ်း မဟုတ်သော အမျိုးသားမျိုးစေ့ကော်မတီအဖွဲ့ဝင်များနှင့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာ

ကော်မတီအဖွဲ့ဝင်များသည် ၀န်ကြီးဌာနက သတ်မှတ်ထားသော ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၄၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -

(က) ၀န်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်

လည်းကောင်း၊ လိုအပ်သောလုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ

ကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ခ) အမျိုးသားမျိုးစေ့ကော်မတီနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့သည် လိုအပ် သော

အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတောေ်အးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ